ပြင်ပ အင်တာနက်စာမျက်နှာများနှင့် ချိတ်ဆက်ထားခြင်းဆိုင်ရာ မူဝါဒ
BBCBurmese.com အင်တာနက် စာမျက်နှာတွေပေါ်မှာ ဘီဘီစီဝက်ဘ်ဆိုက်တွေက စာမျက်နှာတွေနဲ့ ဖြစ်စေ၊ ဘီဘီစီမဟုတ်တဲ့ ပြင်ပက စာမျက်နှာတွေနဲ့ ဖြစ်စေ ချိတ်ဆက်ပေးထားတဲ့ လင့်တွေပါတတ်ပါတယ်။ ဒီစာမျက်နှာတွေဟာ အကြောင်းအရာချင်း ဆက်စပ်လို့ ဖြစ်စေ၊ သင့်တော်တယ်လို့ ယူဆလို့ ဖြစ်စေ ချိတ်ပေးထားတာဖြစ်ပါတယ်။
ပြင်ပက ဆိုက်တွေကိုတော့ ပင်မစာမျက်နှာကို ထုတ်ပြန်ချိန်မှာ လေ့လာပြီး မှရွေးချယ်ဖော်ပြတာပါ။
ဒါပေမယ့် အဲဒီစာမျက်နှာတွေမှာပါတဲ့ အကြောင်းအရာတွေနဲ့ပတ်သက်ပြီးဘီဘီစီက တာဝန်မယူပါ။ အကြောင်းကတော့ --
- အဲဒီအကြောင်းအရာတွေကို ဘီဘီစီက ထုတ်လုပ်တာမဟုတ်သလို စာမျက်နှာတွေကို ဘီဘီစီကပြုပြင်မွမ်းမံနေတာ မဟုတ်ပါ
- အကြောင်းအရာကို ဘီဘီစီက ပြောင်းလဲလို့မရပါ
- ဘီဘီစီမသိပဲနဲ့ တဖက်က ပြုပြင်ပြောင်းလဲတာလုပ်လို့ ရပါတယ်
ဘီဘီစီက ချိတ်ဆက်ပေးထားတဲ့ ဝက်ဘ်ဆိုက်တချို့မှာ အွန်လိုင်းက ပစ္စည်းရောင်းတဲ့ ဝန်ဆောင်မှုမျိုး ကမ်းလှမ်းချက်တွေပါနိုင်ပါတယ်။
ဘီဘီစီက ချိတ်ဆက်ပေးထားတယ် ဆိုတာနဲ့ အဲဒီဝက်ဘ်ဆိုက်ကို ဘီဘီစီက ထောက်ခံအားပေးတယ်၊ အဲဒီ ဆိုက်ပိုင်ရှင်တွေကို ထောက်ခံတယ်၊ အဲဒီဆိုက်မှာပါတဲ့ ပစ္စည်းတွေ၊ ဝန်ဆောင်မှုတွေကို ရယူဖို့ သဘောတူအားပေးတယ်လို့ မဆိုနိုင်ပါဘူး။
ပြင်ပ အင်တာနက်စာမျက်နှာများနှင့် ချိတ်ဆက်ထားခြင်းဆိုင်ရာ မူဝါဒ အပြည့်အစုံ (အင်္ဂလိပ်လို) ကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှု နိုင်ပါတယ်။