BBC navigation

ဆီးရီးယားအစိုးရ လေကြောင်းက ပစ်လို့ လူ၉၀ သေဆုံး

နောက်ဆုံး ရေးသားချိန် 24 ဒီဇင်ဘာလ 2012 - 01:36 GMT

တိုက်ခိုက် ခံရတဲ့ လက်နက်ကြီးတွေ

ဆီးရီးယား နိုင်ငံက လက်နက်ကိုင် သူပုန်တွေ ထိန်းချုပ်ရာHama ပြည်နယ် Halfaya မြို့မှာ မုန့်ဖုတ်ဆိုင်က တန်းစီ စောင့်နေတဲ့ သူတွေ အပေါ်ကို အစိုးရ တပ်တွေက လေကြောင်းက ပစ်ခတ် တိုက်ခိုက်ခဲ့တာကြောင့် လူကိုးဆယ်ကျော် သေဆုံးသွားခဲ့တယ်လို့ အတိုက်အခံ တက်ကြွ လှုပ်ရှားသူတွေက ပြောပါတယ်။

အဲဒီမြို့မှာ တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီးတဲ့နောက် အတိုက်အခံရေး တက်ကြွ လှုပ်ရှားသူတွေက ဗွီဒီယို ရုပ်ပုံတွေ အင်တာနက်မှာ တင်ခဲ့ ရာမှာ အလောင်းတွေ ၊ တစစီ ဖြစ်သွားတဲ့ ကိုယ်အင်္ဂါ အစိတ်အပိုင်းတွေ မြင်ရပြီး တချို့လူတွေဆို ပျက်ဆီးသွားတဲ့ အဆောက်အဦ တွေအောက်မှာ သေဆုံး နေတာ တွေ့ရပါတယ်။

လူအများအပြားလည်း ထိခိုက် ဒဏ်ရာရသွားခဲ့ပြီး ဒီလို သေဆုံး ဒဏ်ရာရသူ အရေအတွက်နဲ့ ပတ်သက်လို့ သီးခြား အတည်ပြုချက်တော့ မရသေးပါဘူး။

ဒေသခံတွေကလည်း ဒဏ်ရာတွေနဲ့ လှည့်လည် ပြေးလွှား အော်ဟစ် အကူအညီ တောင်းနေတာ တွေ့ရပြီး တချို့လူတွေကလည်း ဒဏ်ရာရသူတွေကို ပုခံထမ်း တင်ပြီး လျှောက်ပြေးနေတာ တွေ့ရပါတယ်။

ဆီးရီးယားမှာ ဖြစ်နေတဲ့ ပဋိပက္ခတွေကို ဖြေရှင်းဖို့ ဒမားစကပ်စ်မြို့ကို နိုင်ငံတကာ ငြိမ်းချမ်းရေး ကိုယ်စားလှယ် လက်ရှ်ကာ ဘရာဟီမီ ရောက်လာခဲ့ ပြီးတဲ့နောက် အခု တိုက်ခိုက်မှု ဖြစ်ခဲ့တာလို့ သိရပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။