BBC navigation

တူနီးရှား သမ္မတဟောင်း ပစ္စည်းတွေကို လေလံတင်မယ်

နောက်ဆုံး ရေးသားချိန် 22 ဒီဇင်ဘာလ 2012 - 23:29 GMT
ben_ali_tunisia

လေလံတင်မယ့် ကားများ

တူနီးရှား နိုင်ငံမှာတော့ အစိုးရက အရင်သမ္မတ ဟောင်း အဲလ် အဘီဒင်း ဘဲန် အာလီ နဲ့ သူ့ရဲ့ ဆွေးမျိုးတွေရဲ့ ပိုင်ဆိုင်မှု တချို့ကို လေလံတင် တော့မှာ ဖြစ်ပါတယ်။

အဲဒီ လေလံတင်မယ့် ပစ္စည်း တွေထဲမှာ ဒေါ်လာ ၂ သန်းခွဲ လောက် တန်ဘိုး ရှိတဲ့ မာစီးဒီးစ် ကား အပါအဝင် ဇိမ်ခံကားပေါင်း ၄၀ နီးပါး ပါဝင်ပါတယ်။

ဒီကား တွေအပြင် အနောက်တိုင်း ဝတ်စုံတွေ၊ ကုတ်အင်္ကျီတွေ၊ လက်ဝတ် လက်စားတွေနဲ့ စုဆောင်းထားတဲ့ အနုပညာ လက်ရာ ပစ္စည်း တွေလည်း ပါဝင်မှာ ဖြစ်ပါတယ်။

ဒီ လေလံပွဲက ရောင်းချ ရသမျှ တွေကနေ အစိုးရ ဘဏ္ဍာ အတွက် ဒေါ်လာ ၁၀ သန်းမက ရနိုင် လိမ့်မယ်လို့ တာဝန်ရှိသူ တွေက ခန့်မှန်း နေကြပါတယ်။

အရင် သမ္မတဟောင်း မစ္စတာ ဘဲန်အာလီကတော့ ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်က ပြုတ်ကျ ခဲ့တာ ဖြစ်ပြီး အခုအခါမှာ ဆော်ဒီ အာရေဗျ နိုင်ငံမှာ နေထိုင် နေရတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။