BBC navigation

ဒီဇင်ဘာ ၂၁ တမိနစ် သတင်းဗီဒီယို

နောက်ဆုံး ရေးသားချိန် 21 ဒီဇင်ဘာလ 2012 - 18:19 GMT

မီဒီယာ ပလေးယား

ဒီဇင်ဘာ ၂၁ တမိနစ် သတင်းဗီဒီယို

ကြည့်ရန်mp4

ဒီမီဒီယာကို ဖွင့်၍မရပါ

တခြား Media Player ဖြင့် ဖွင့်ပါ

ကင်ညာနိုင်ငံ တောင်ပိုင်းက အဓိကရုဏ်းအတွင်း လူအနည်းဆုံး ၃၉ ဦးသေဆုံးတယ်လို့ ရဲက ပြောပါတယ်။ တာနာ မြစ်ဝှမ်းက ရွာတရွာကို ဒုတ်ဓားလက်နက် ကိုင်ဆောင်ထားတဲ့ တခြားရွာက လူတွေက တိုက်ခိုက်ကြတာ ဖြစ်ပါတယ်။

ဥရောပသမဂ္ဂကနေ ရရှား စွမ်းအင်ကုမ္ပဏီကြီးဖြစ်တဲ့ Gazprom ရဲ့ ဓာတ်ငွေ့ပိုက်လိုင်း တစိတ်တပိုင်းကို တခြားကုမ္ပဏီတွေလည်း သုံးစွဲခွင့်ပေးနိုင်တဲ့ စည်းမျဉ်းထုတ်တဲ့အပေါ် ရရှားသမ္မတ ဗလာဒီမီယာ ပူတင်က ဝေဖန်လိုက်ပါတယ်။

မက္ကဆီကိုနဲ့ အမေရိက အလယ်ပိုင်းက ရှေးဟောင်း မာယာ ဘုရားကျောင်းတွေဆီကို လူတွေ သောင်းနဲ့ချီပြီး လာရောက်ခဲ့ကြပါတယ်။ မာယာပြက္ခဒိန်ကုန်ဆုံးတဲ့ ဒီဇင်ဘာ ၂၁ ရက်မှာ ကမ္ဘာကြီးပျက်တော့မယ်လို့ တချို့က ယုံကြည်ခဲ့ကြပေမယ့် အခု ဘုရားကျောင်းတွေဆီ လာပြီး စုဝေးသူ အများအပြားကတော့ မာယာ ပြက္ခဒိန်သစ်စမယ့် ခေတ်သစ်ကို ကြိုဆိုခဲ့ကြပါတယ်။

Multimedia

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။