BBC navigation

ဝင်ရိုးစွန်းသို့ ခရီးရှည်

နောက်ဆုံး ရေးသားချိန် 10 ဒီဇင်ဘာလ 2012 - 16:49 GMT

ဝင်ရိုးစွန်းသို့ ခရီးရှည်

  • ဗြိတိသျှ ဓာတ်ပုံဆရာ ဒန်နီ ဂရင်း ဟာ မြောက်ဝင်ရိုးစွန်း အာတိတ် ဒေသကို သွားရောက်ပြီး၊ ၈ နှစ်ကြာ လေ့လာ ရိုက်ကူးထားတဲ့ ရှားပါး တောရိုင်း တိရိစ္ဆာန် ဓာတ်ပုံ တွေ ဖြစ်ပါတယ်။
  • ကလေး ဘဝက အဲဒီ ဒေသကို သွားရောက် စဉ် ဒီလှိုင်းတွေ တက်လာတဲ့ အချိန် ဆော့ကစားနေတဲ့ ငှက်ကလေး တွေကို ကြည့်ပြီး၊ အဲဒီမှာရှိတဲ့ တောရိုင်း တိရိစ္ဆာန် တွေရဲ့ ဘဝကို လေ့လာ ချင်ခဲ့တာ လို့ မစ္စတာ ဂရင်းက ပြောပါတယ်။
  • အာတိတ်ဒေသဟာ မြောက်ဝင်ရိုးစွန်း ဒေသဖြစ်ပြီး၊ ရေခဲပြင် ဖြစ်နေတဲ့ အာတိတ် သမုဒ္ဒရာက ဝန်းရံ ထားပါတယ်။
  • သားရဲတိရိစ္ဆာန်တွေ ဖြစ်တဲ့ အာတိတ်ဒေသက ဝက်ဝံညို တွေဟာ ဆော်လမွန် ငါးတွေ၊ ငါးရစ် တက်ချိန်က လွဲပြီး ကျန်တဲ့အ ချိန်မှာ တကိုယ်တည်း အစာရှာလေ့ ရှိပါတယ်တဲ့။ ဆောင်းရာသီ အတွင်း ဂူတွေ ထဲမှာ အိပ်စက် အနားယူ ချိန်ဟာ သူတို့ရဲ့ သက်တမ်း တဝက် လောက် ရှိပါတယ်။
  • အာတိတ်ဒေသ ပင်လယ်ဖျံကြီးတွေ ကတော့ နော်ဝေနိုင်ငံ ဘက်မှာ တွေ့ရ ပါတယ်။
  • ငါးဖမ်းနေတဲ့ ဒီသိမ်းငှက် ဓာတ်ပုံ ကိုလည်း နော်ဝေမှာ ရိုက်ကူး ခဲ့တာလို့ မစ္စတာ ဂရင်း က ပြောပါတယ်။
  • အခုလို ပင်လယ်ပျော် ငှက်ကို ပျံသန်းနေတဲ့ အချိန် ဓာတ်ပုံ ရိုက်ဖို့ အလွန် ခက်ခဲ လှတယ် လို့ မစ္စတာ ဂရင်းက ပြောပါ တယ်။ အကြောင်းကတော့ သူတို့ဟာ အရမ်းကို လျင်မြန်တယ် လို့ဆိုပါတယ်။
  • ပင်လယ် ဇင်ယော်တွေ ကတော့ ထောင်သောင်း ချီပြီး စုဖွဲ့ နေထိုင် ကြပါတယ်။
  • အခုလို လူသူ အရောက် အပေါက် နည်းတဲ့ ဒေသက ရှုခင်းတွေကို ဓာတ်ပုံ ရိုက် ရတာ ကိုလည်း မစ္စတာ ဂရင်းက ကြိုက်နှစ် သက်ပါတယ်။
  • aurora borealis
    မြောက်ဝင်ရိုးစွန်း ဒေသမှာ ညဘက် တွေ့မြင် ရတတ် တဲ့ အလင်းရောင်တန်း။ ဖင်လန်မှာ ရိုက်ထားတာ ဖြစ်ပါတယ်။

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။