BBC navigation

မြောက်ကိုးရီးယားဒုံးကျည် ဘယ်ထိရောက်မလဲ

နောက်ဆုံး ရေးသားချိန် 23 ဒီဇင်ဘာလ 2012 - 16:29 GMT
northkorea

မြောက်ကိုရီးယား လက်နက် ပိုင်ဆိုင်မှု စိုးရွံ့နေ

မြောက်ကိုရီးယားက မိုင် ၆ဝဝဝ ကျော် အထိ ရောက်နိုင်တဲ့ မစ်ဆိုင်း ဒုံးလက်နက် နည်းပညာ လုပ်နိုင်ပြီလို့ တောင်ကိုရီးယား ဘက်က ပြောပါတယ်။

ဒီဒုံးပျံက တာဝေးပစ်ဒုံးကျည် ကို တန်ဝက်လောက် လက်နက်နဲ့တပ်ပြီး မိုင် ၆ဝဝဝ ကျော်ပစ်နိုင်မယ့် အင်အားရှိမယ်လို့ ဆိုပါတယ်။

ဒါဟာ အမေရိကန်ပြည် အနောက်ဘက်ဒေသ မြို့ကြီးတွေအထိရောက်နိုင်ပါတယ်။

ဒါပေမဲ့ မြောက်ကိုရီးယားမှာ ဒီလိုတိုက်ခိုက်နိုင်လောက်အောင် ထိန်းချုပ်တဲ့စနစ် ဒါမှမဟုတ် နေရပ် ပြန်ပြီး ရောက်အောင် လုပ်နိုင်တာ မရှိဘူးလို့ တောင်ကိုရီးယားက အခိုင်အမာ ပြောပါတယ်။

ဒီဇင်ဘာ ၁၂ရက်နေ့တုန်းက မြောက်ကိုရီးယား ဂြိုဟ်တုတလုံး အောင်မြင်စွာ လွှတ်တင်ပြီးနောက် သူတို့ရဲ့ ရည်ရွယ်ချက်တွေ စွမ်းရည်တွေကို အမျိုးမျိုး ဝါဒဖြန့်စရာ ဖြစ်လာပါတယ်။

ပင်လယ်ပြင်ကနေ ဒုံးပျံအစိတ်အပိုင်းကို ပြန်ဆယ်ပြီး တွေ့ရှိချက်တွေကို တောင်ကိုရီးယား စစ်ရေးကျွမ်းကျင်သူ တွေက အခု အကဲခတ် နေပါပြီ။

မြောက်ကိုရီးယား ဘက်ကတော့ ဒုံးပျံလွှတ်တာ အရပ်ဘက် အာကာသအစီအစဉ်ရဲ့ အစိတ်အပိုင်းလို့ ပြောပါတယ်။

တဘက်ကလည်း အဏုမြူ လက်နက် နှစ်ခု စမ်းသပ်ပြီး သူဟာ အဏုမြူပိုင်ရှင်အဖြစ် ကျေညာထား ပါတယ်။

ဒါကိုအကြောင်းပြပြီး အမေရိကန်ကိုရော ဒေသတွင်းမှာပါ ခြိမ်းခြောက်နေပြီး သူတို့ကို ထိခိုက်လာရင် အပြင်းအထန်တုံ့ပြန်မယ် လို့ဆိုပါတယ်။

မြောက်ကိုရီးယားအနေနဲ့ တာဝေးပစ်ဒုံးကျည်မှာ တပ်ရလောက်အောင် အဏုမြူ ထိပ်ဖူးတွေ မလုပ်တတ်သေးဘူးလို့ ကျွမ်းကျင်သူတွေက ယူဆပါတယ်။

မြောက်ကိုရီးယားအနေနဲ့ သူတို့ ထိန်းချုပ်ပစ်လွှတ်နိုင်ပြီလို့ ပြောလောက်တဲ့အဆင့် ရောက်အောင် ဒုံးပျံရော အဏုမြူ စမ်းသပ်မှုတွေပါ ဆက်လုပ်ရဦးမယ်လို့ ယုံကြည်ပါတယ်။

အဓိကလိုချင်နေတာကတော့ ကျူးကျော်မှုတွေဖယ်ရှားဖို့၊ သူ့ခေါင်းဆောင် ဂုဏ်တက်ဖို့နဲ့ မိတ်ဆွေရန်သူတွေကြား သံတမန်ရေး တန်းတူ အခွင့်အရေးရဖို့ ရည်ရွယ်တာလို့ သုံးသပ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။